ထုံး
ရှေးထုံးစဉ်လာ ၊ နု, အနာ ကလျှင်
တသီး ဇူ, ဇာ ၊ ဖီးသျှင်, ဖိုးသျှင်
ပီတာသျှင်က ၊ နောင်လာနောက်တွင်
သားသျှင်, မြီး, မြစ် ၊ တလှစ် တီ, ကြွက်
ဂျွတ်, ချွတ် ခုနှစ် ၊ မျိုးဆက်သစ်တွက်
ကျောင်းကန် ဘုရား ၊ ဇာတီများနန့်
ကိုးကွယ်ဖို့ရာ ၊ သာသနာနန့်
ပြောဆိုဖို့ရာ ၊ စကားစာကို
ကောင်းစွာဆက်ဆက် ၊ အပ်နှံခ၏ ။ ။
ရို့လက်ရောက်လာ ၊ ဂုအခါမှာ
ကိုယ့်မျိုးဘာသာ ၊ စကားစာကို
ညီညာဖြာဖြာ ၊ စောင့်ထိန်းပါမှ
ဂုမှနောက်လာ ၊ ချိန်အခါသည်
ပြောင်လျှက်ဝင်းလျှက် ကျန်ရစ်အံ့တည်း ။ ။
“ဗုဒ္ဓေါ လောကေ သမ္မုပ္ပန္နော ဟိတာယ သဗ္ဗပါဏိနံ” ဗုဒ္ဓမြတ်စွာရေ သတ္တ၀ါရို့၏ ချမ်းသာဖို့အလို့ငှာ ပွင့်တော်မူလာ၏။ ချမ်းသာလို့ဆိုရာမှာ နောက်ဘ၀ရောက်မှ ရရှိမည့် ချမ်းသာမျိုးသာမက ဒေဘ၀တွင်ပင် ရနိုင်သော ချမ်းသာမျိုးလည်း ပါဝင်ရေ။
ခေတ်လူတချို့က ဗုဒ္ဓမြတ်စွာ၏ တရားတော်ရေ ဟိုစွာမလုပ်ရ၊ ဒေစွာမလုပ်ရ ဆိုရေ ပညတ်ချက် တိကြောင့် လူကို မတက်ကြွစေဘဲ ထုံထိုင်း ဖျင်းအ အောက်ကျ နောက်ကျဖြစ်ဇီလို့ယူဆဘနာ တိုးတတ်ရေ လူ့အသိုင်းအ၀န်း (၀ါ) တိုင်းပြည်ထူထောင်ရာမှာ ဗုဒ္ဓတရားတော်ကို ကြဉ်ဖယ်လိုကြရေ။ ထိုသူရို့အား အဂု ကိုယ်တော်က ဗိမ္ဗိသာရမင်း၊ ဓမ္မာသောကမင်း၊ ဒုဋ္ဌဂါမဏိမင်းစသော ဗုဒ္ဓဘာသာခေါင်းဆောင်ရို့ကို ညွှန်ပြလိုပါရေ။
ဗိမ္ဗိသာရမင်း။ ။ ဗိမ္ဗိသာရမင်းရေ မိမိကိုယ်တိုင် သောတာပန်ဖြစ်ပြီးကေ ဘုရားသျှင်ကို ဝေဠုဝန်ကျောင်းမှာ ကိုးကွယ်ဘနာ ကြီးစွာသော စစ်တပ်နန့် တိုင်းပြည်ကို အုပ်ချုပ်ခပါရေ။ တိုင်းပြည်လည်း အီးချမ်းရေ။
ဒုဋ္ဌဂါမဏိမင်း။ ။ ဒုဋ္ဌဂါမဏိ အဘယမင်းကား မိမိကိုင်နီကျ လှံထိပ်မှာ ဗုဒ္ဓမြတ်စွာ၏ ဓာတ်တော်ကို ဌာပနာထားပါရေ။ ယင်းမင်းရေ သာသနာ့အဆောက်အအုံတိကို ဖျက်စီးနီရေ သာသနာ့ရန်သူတိကို စစ်ထွက်ကာနီးမှာ အရွယ်ကောင်းရေ ရဟန်းတော်ငါးရာရို့ကို ပင့်ပနာလားရေ။ ယင်းအခါမှာ သူအမြဲ အဓိဋ္ဌာန်ရေ ဆောင်ပုဒ်ကတော့ခါ-
ငါ့တွက်မြားမြောက် ချမ်းသာရောက်ဖို့
ဂုလောက်ကြိုးကုတ် အားမထုတ်ပါ၊
ဗုဒ္ဓမြတ်စွာ သာသနာ၏
ရှည်ကြာအဓွန့် ရောင်လျှံကွန့်ဖို့
စွန့်စွန့်စားစား ငါကြိုးစားသည်
ငါ့အားစိတ်ဝယ် အမြဲတည်း။
ဓမ္မာသောကမင်း။ ။ ဓမ္မာသောကမင်းကဒေါ့ခါ ဗုဒ္ဓတရားတော်ကို ယုံကြည်လို့ သာသနာပြုမင်းဖြစ်တေ အခါ လူနန့်ဆိုင်ရေ ကိုယ်ကျင့်တရားကို အနှံ့အပြား ကျောက်စာတိုင်စိုက်စေပြီးခါမှ တိုင်းပြည်အုပ်ချုပ်ရေခါ အယင်ကထက် လွယ်ကူကြောင်းကို တွိ့ရပါရေလတ်။
ယင်းပိုင် ရှိဗုဒ္ဓဘာသာဝင်ရို့၏ တိုင်းပြည်အုပ်ချုပ်၍ အလုပ်လုပ်ပုံကို လေ့လာကြည့်ရေအခါ အယင်ခါက ဓမ္မသတ်ဥပဒေအတိုင်း အုပ်ချုပ်ရာမှာလည်းကောင်း၊ ကယ်တင်မှုလုပ်ရမှာလည်းကောင်း၊ ဗုဒ္ဓဘာသာက အနှောက်အယှက် မပီးခကြောင်းကို ကိုယ်တော်ရို့လေ့လာတွိ့ရပါရေ။
ခေတ်လူငယ်တချို့ကား ဗုဒ္ဓတရားတော်ရေ လောကီဘက်က တိုးတက်နေရေ အဂုကမ္ဘာမှာ လိုက်မမှီနိုင်ယာ လို့ယူဆဂတ်ရေ။ ဗုဒ္ဓမြတ်စွာ၏ တရားတော်မှာ ဇာတရားတော်က လောကီကြီးပွါးရေးကို တားမြစ်ပါရေလဲလို့ မီးကြည့်ဂတ်ပါ လေ့လာကြည့်ဂတ်ပါ။ တရားကို ချဉ်းကပ်ရေနီရာမှာ သေရှာနှံစပ်မှုနန့် ယုတ္တိယုတ္တာဟိ့မှုရို့ အနည်းဆုံးဒေါ့ခါ လိုအပ်ပါရေ။ စကားစပ်လို့ မင်္ဂလာတရားဆိုစွာ ဂုဘ၀ နောက်ဘ၀ နှစ်ဌာနလုံးမှာ ကြီးပွါးချမ်းသာကြောင်း တရားဖြစ်ပါရေ။။ ယင်းမင်္ဂလာတရားတော်မှာ
(က) ဗာဟုဿစ္စဉ္စ - အကြားအမြင် အတွေ့အကြုံ များရခြင်းလို့ပါရှိရေ။ အဂုခေတ် သုတေသန လုပ်ခြင်းမျိုးပင်ဖြစ်တေ။ ထို ဗာဟုဿစ္စဉ္စမင်္ဂလာရေ ဇာရွိ့ဇာမျှသော သုတေသနလုပ်ရဖို့လို့ ကန့်သက်ချက် မဟိ့ရရေအတွက် သုတေသနလုပ်ရာမှာ ခေတ်အလိုက် ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ကြောင်း သိသာပါရေ။ ယင်းကြောင့် အဂုအခါမှာ အာကာသို့ ဂြိုလ်တုဒုံးကျည် လွတ်ဘနာ သုတေသနပြုခြင်း၊ ပထ၀ီမြေ အာပေါရေစရေ သုတေသနပြုခြင်းတိလည်း ဗာဟုဿစ္စဉ္စ မင်္ဂလာယာယေ။ တစ်ခုတည်းကို သိခြင်းထက် တစ်ခုထက်ပိုရေ အသိတိဖြစ်အောင် လေ့ကျင့်ခြင်း လေ့လာခြင်းကိစ္စ။ တစ်ခုတည်းကိုသိဂေ အန္တာရာယ်ဟိ့ပါရေ။ နှိုင်းယှဉ်မှုတရားတိမဖြစ်ဂေ မှန်ကန်ကောင်းမွန်မှုတိကိုမရ။ ယင်းအတွက် ဗာဟုဿစဉ္စ လို့ပြောပါရေ။
(ခ) သိပ္ပဉ္စ-သိပ္ပံပညာ အဖြာဖြာကိုတက်ရခြင်းလို့လည်း ပါရေ။ ယင်းသိပ္ပံပညာတက်မြောက်ခြင်း မင်္ဂလာလည်း ဇာသိပ္ပံပညာလို့ပိုင်းခြား ကန့်သက်ချက်မရှိ၊ ခေတ်အလိုက်ပေါ်ပေါက်လာသော ပညာအရပ်ရပ်ကိုပင် တက်မြောက်ရခြင်းလို့ ဟောတော်မူလိုရင်းဘင် ဖြစ်တေ။ အားလုံးတတ်စွာကောင်းပါယတ်၊ ယဂေလည်းသော့ သတိထားရဖို့စွာက ကိုယ့်အတွက်၊ အခြားလူ အတွက်၊ နှစ်ယောက်စလုံးအတွက် ချမ်းသာဖို့အကျိုးငှာမဖြစ်ဆိုဂေ ယင်းအတတ်ကို အသုံးမချရ မလုပ်ရပါ။ သဘောတရားအရ ဇာဘက်ဂကြည့်ကြည့် ယင်းချမ်းသာဖို့မဖြစ်တေကိစ္စတိရေ ကောင်းကျိုး မဟုတ် အပေါင်းလက္ခဏာဆောင်မှုကို မပီးရေအတွက် မကောင်းမှု အကုသိုလ်တရားတိဘင်ဖြစ်ဂတ်တေ။
ဗုဒ္ဓမြတ်စွာ၏ တရားတော်တိရေ လောကကြီးပွါးရေးကို မတားမြစ်တေအပြင် စနစ်တကျအားပီးရေ တရားတိဖြစ်ကြောင်းကို ဗုဒ္ဓ၏ ကြီးပွါးရေးနှင့်ပက်သက်တေ တရားတော်တိကို လေ့လာခြင်းအားဖြင့် သိနိုင်ဂတ်ပါရေ။ လေ့လာဂတ်ပါလို့လည်း တိုက်တွန်းပါရေ။
ယင်းကဲ့သို့ ယခုဘ၀ကြီးပွါးရေးကို အားပေးရုံသာမက သတ္တိနန့် ဇွဲကိုလည်း အမြဲအားပီးပါသိ့ရေ။ ထင်ရှားအောင်ပြရဖို့ဆိုဂေ - ဗုဒ္ဓဘာသာတရားတော်တိကို သင်ယူမှတ်သားလေ့လာဂတ်တေ လူငယ်လူရွယ်တိရေ အချေခါဂဘင် ခေတ်နန့်လျော်ရေ ဘာသာရေးအသိပညာတိနန့် ကြီးပြင်းလာဖို့ ဘ၀တိကို ယင်းယင်းစံအသိတိနန့် မောင်းနှင်းလားဂတ်ဖို့ဆိုဂေ အလွန်ကောင်းပါရေ။ အများသိဖြစ်တေ မဟောသဓာပိုင် ဘ၀ကမကြောက်မရွံ့ ရဲဝံ့ရေသတ္တိ၊ နောက်မဆုတ်ရေ လုံ့လ ၀ီရိယ ဇွဲရို့ကို ကြားဖူးနီရရေ အတွက်ကြောင့်လည်းကောင်း၊ အမရာဒေ၀ီ မဒ္ဒီမိဖုရားရို့ပိုင်လိမ္မာပုံ၊ သတ္တိရှိပုံကို ကြားနီရသောကြောင့်လည်းကောင်း၊ ထိုအလိမ္မာ ထိုသတ္တိများ ကူးစက်နီရရေ ဗုဒ္ဗဘာသာဝင် အသျှေတိဒင်မက အပျို လပျို ကပါမကျန်အားလုံး အလိမ္မာနန့် ဇွဲသတ္တိမှာ အခြားဘာသာဝင်များထက် များသောအားဖြင့် သာတက်ပါရေလို့မြင်ပါရေ။ သို့သော် ထိရောက်တိကျမှန်ကန်မှုဟိ့ရေ ချည်းကပ်မှုတိနန့် သေရှာကျနအောင် သင်ပြပီးဖို့လိုအပ်တေ အနီအထားဖြစ်ပါရေ။
ဗုဒ္ဓဘာသာဝင်ရို့၏ အားအရဆုံး သတ္တိဆိုကေ အကောင်း၊ အဆိုး လောကဓံနှစ်မျိုးနန့် တွိ့ကြုံလာကေ ခံနိုင်ခြင်း၊ သီရဖို့စွာကို လွန်လွန်ကဲကဲ မကြောက်တက်ခြင်းတိလို့ ပြောနိုင်ပါဖို့။ ယင်းသို့ သတ္တိဟိ့ခြင်း မှာလည်း မိမိမှာရှိရေ သီလ ဒါနတိကို အားကိုးရေအပြင် အားလုံး အရာဝတ္ထု ရုပ်နာမ်အစုရေ ပျက်စီးရမေ အနိစ္စသဘောရာ ဖြစ်တေလို့ ကြားသိနီရရေ မိရိုးဖလာဘာဝနာကြောင့်လည်းဖြစ်တေ။ စဉ်းစားဂတ်ပါ။ ယင်းပိုင်ဖြစ်ဂေ ဗုဒ္ဓဘာသာဝင်ဖြစ်ဂတ်တေလူတိရေ တရားပြည့်ဝလီ သတ္တိဟိ့လီဖြစ်တေ၊ ဗုဒ္ဓတရားတော်ရေ အလျော့ဘက် အပျော့ဘက်ကို အားမပီးဇီဘဲ စာရိတ္တနန့်တကွ အမာဘက် အတိုးဘက်ကိုရာ အားပီးပါရေ။
ယဂေလည်းသော့ ဗုဒ္ဓတရားတော်တိကို သေရှာကျနစွာ မသိရေလူတိကဒေါ့ခါ အမိဖြစ်တေ ဗုဒ္ဓတရားတော်ကို ကျော်ပနာ အရီးသျှေဝါဒတိနန့် တိုးတတ်ရေ လူ့အသိုင်းအ၀န်း ထူထောင်လာခဂတ်ကေလည်း ဂုထက်တိတိုင်အောင် အသားမကျသိ့ဘဲ စာရိတ္တပျက်မှုဆိုရေ ဆူးငြောင့်တိနန့်ရာ ပြန့်ကြဲနီပါသိရေ။ ကိုယ်တော်ရို့ နိ့ဇိုင်လားလာလုပ်ရှားနီဂတ်တေ လူ့လောက လူအသိုက်အမြုံရေ ဗုဒ္ဓဘာသာလူ့ဘောင်အသိုက်အ၀န်းဖြစ်ဂတ်တေအတွက် အနာဂတ်မှာ ဒေအသိုက်အမြုံတိအတွက် ထွန်းတောက်လာဖို့ ဒေဂုခေတ် လူငယ်လူရွယ် တိရေ ထောင်စုနှစ်ပေါင်း ၂ ခုကျော်ထိတိုင်အောင် ရှည်လျားရေသမိုင်းနန့်ပြည့်စုံမှုဟိ့ရေ ဗုဒ္ဓဘာသာ တရားတော်တိကို သေရှာအောင် သင်ယူဖို့ အရေးတကြီးလိုအပ်တေလို့လည်း မြင်ပါရေ။
ယင်းကြောင့် ကိုယ်နိုင်သလောက် လူ့အသိုင်းအ၀န်းတစ်ခုကို ထူထောင်ထိန်းသိမ်းရာမှာ အထောက်အကူရပါဇီလို့ သဘောထားပနာ ဤကိန်းသာပညာသင်ကျောင်းကို ဖွင့်လှစ်နိုင်အောင်လို့အောင် ကြိုးစားရခြင်းရာဖြစ်တေ။
Posted by
Sara Dr. Twan Twan Soe
on
Saturday, December 5, 2009
0 comments