ရှေးထုံးစဉ်လာ၊ နု, အနာ ကလျှင်၊ တသီး ဇူ, ဇာ၊ ဖီးသျှင်, ဖိုးသျှင်၊ ပီတာသျှင်က၊ နောင်လာနောက်တွင်၊ သားသျှင်, မြီး, မြစ်၊ တလှစ် တီ, ကြွက်၊ ဂျွတ်, ချွတ် ခုနှစ်၊ မျိုးဆက်သစ်တွက်၊ ကျောင်းကန် ဘုရား၊ ဇာတီများနန့်၊ ကိုးကွယ်ဖို့ရာ၊ သာသနာနန့်၊ ပြောဆိုဖို့ရာ၊ စကားစာကို၊ ကောင်းစွာဆက်ဆက်၊ အပ်နှံခ၏။ ။

ရို့လက်ရောက်လာ၊ ဂုအခါမှာ၊ ကိုယ့်မျိုးဘာသာ၊ စကားစာကို၊ ညီညာဖြာဖြာ၊ စောင့်ထိန်းခါမှ၊ ဂုမှနောက်လာ၊ ချိန်အခါသည်၊ ပြောင်လျှက်ဝင်းလျှက် ကျန်အံ့တည်း။ ။

တည်ထောင်မည့်နေရာ ကိန်းသာဓမ္မကျောင်းပရ၀ုဏ်၊ ရသေ့တောင်မြို့၊ ရခိုင်ပြည်နယ်။


ဖွင့်လှစ်မည့် ကျောင်းအမည် ကိန်းသာပညာသင်ကျောင်း

နေရာသတ်မှတ်ချက် ဤဒေသ၏ အချက်အခြာကျသော ရသေ့တောင်မြို့ပေါ်တွင်ဖြစ်သည်။ ဤကျောင်းကို မြို့ပေါ်နှင့် မြို့နယ်တွင်ရှိသော ဘုန်းကြီးကျောင်းများ၏ သက်ဆိုင်ရာ ၀ါသနာတူ ကျောင်းထိုင်ဆရာတော်များ၊ လူပုဂ္ဂိုလ်များနှင့် တိုင်ပင်ညှိုနှိုင်းအကြံဉာဏ်ရယူ၍ ဖွင့်လှစ်ရန်ဖြစ်သည်။

ကျောင်းသား အရေအတွက် အများဆုံးကျောင်းသား/သူ ငါးရာအထိ သတ်မှတ်ထားသည်။ အခြေခံအဆင့်ကျောင်းသားများအတွက်ရည်ရွယ်သည်ဟုဆိုသော်လည်း မူလတန်း နှင့် အလယ်တန်း ကျောင်းသား/သူများကို ဦးစားပေး လက်ခံသင်ကြားပေးမည်။ ကျား၊မ မရွေး စာရင်း လက်ခံမည်။

သင်ကြားမည့် ဘာသာရပ်များ ဘာသာရေးကျောင်းနှင့် Language School နှစ်ခု ပေါင်းစပ် ဖွင့်လှစ်သည်ဖြစ်၍ ဗုဒ္ဓဘာသာသင်္ခန်းစာနှင့် လက်တွေ့သုံး အင်္ဂလိပ်စာအခြေခံများအဓိက ပါဝင်ပြီး အခြား ကျောင်းသား/သူငယ်များနှင့် လျော်ညီသော သင်္ချာဘာသာရပ်၊ ဥာဏ်ရည် ထက်မြက်စေသော နည်းပညာများပါဝင်သည့် နိုင်ငံခြားမှတိုက်ရိုက် ထုတ်ဝေသော စာအုပ်များနှင့် သင်္ခန်းစာများ ပါဝင်သည်။ ဗုဒ္ဓဘာသာသင်္ခန်းစာဟု ဆိုရာတွင် ရှေးရိုး သင်နည်းစံနစ်မဟုတ်ဘဲ ခေတ်လူငယ်တို့နှင့် သင့်တော်သော ခေတ်အမြင် ခေတ်အတွေး နှင့် အံဝင်ချိန်ဆနိုင်အောင်၊ မိမိကိုယ်တိုင် တွေးခေါ် ကြံဆ နိုင်အောင် စီစဉ်ထားသော နည်းစံနစ်များဖြင့် သင်ကြားပေးပြီး၊ ထိုနည်းတူ အင်္ဂလိပ်စာကိုလည်း အတန်းကျောင်းသင်နည်းစံနစ်နှင့် မတူပဲ ကိုယ်တိုင် လက်တွေ့ သဘောပေါက် နားလည်ပြီး အင်္ဂလိပ်လူမျိုး၊ နိုင်ငံခြားသားများကို အခါအခွင့်သင့်လျှင် သင့်တော်သလို ဖိတ်ကြားပြီး ကလေးငယ်များ ပြောရဲ ဆိုရဲ ရှိအောင် လေ့ကျင့်သင်ကြားပေးမည်။ သင်ကြားမှုပိုင်းဆိုင်ရာတွင် သင်ထောက်ကူပစ္စည်းများစွာ (ကွန်ပျူတာ၊ ဗီဒီယို၊ ပရိုဂျက်တာ၊ ပုံပြ အဘိဓာန်) ပါဝင်မည်။ ကိန်းသာဓမ္မကျောင်းတွင် သက်မှတ်ထားမည်ဖြစ်သော ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း အောင်မြင်ပြီးသော ကျောင်းသား/သူများသည် ငွေကြေးအထောက်အပံ့ ပြည့်စုံမည်ဆိုပါက နိုင်ငံခြားစာမေးပွဲများကို တိုက်ရိုက်ဖြေဆိုနိုင်ပြီး ကျောင်းဆက်တက်နိုင်အောင်အထိ ရည်ရွယ်ပြီး သင်ကြားပေးမည်။

ဆရာ/ဆရာမ အင်အား အင်္ဂလိပ်စာ သင်ကြားပေးမည့် ဆရာ/မ နှစ်ဦး၊ ရဟန်းတော် နှစ်ပါး၊ ဗုဒ္ဓဘာသာ သင်္ခန်းစာ သင်ကြားပေးမည့် ရဟန်းတော် တစ်ပါး၊ ဆရာ/မ လေးဦး၊ ပေါင်း အမာခံအင်အား ရှစ်ဦးရှိပါမည်။ နယ်ခံစေတနာ့ဝန်ထမ်းကို စာသင်ပေးနိုင်လောက်သည်အထိ လေ့ကျင့်သင်ကြားပေးမည်ဖြစ် ၍  စေတနာ့ဝန်ထမ်းအင်အား (၂၀) ခန့်ရရှိထားပြီးဖြစ်သည်။

ကျောင်းဖွင့်ရက်/အချိန် သင်တန်းကျောင်းသည် နှစ်ရှည်စီမံကိန်းဖြစ်သောကြောင့် အများစု ရုံးပိတ်ရက် (စနေ/တနင်္ဂနွေနေ့) ကို ရွေးချယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။ ကလေးငယ်များနှင့် ကျောင်းသား ဆရာမများ ကျောင်းချိန်နှင့်လည်း လွတ်အောင် အားလပ်ရက်လည်း ရှိအောင် စီစဉ်ခြင်းဖြစ်၍ ယင်းနေ့များတိုင်းဖြစ်မည်။

သင်ကြားမည့်အချိန် နံနက် ၆:၃၀ နာရီ မှ နေ့လည် ၁၂ : ၀၀ နာရီအထိ။ ကိုးနာရီခွဲတွင်မုန့်စားကျောင်းဆင်းပေးမည်။

 အားလပ်ချိန်အစီအစဉ် အားလပ်ချိန် မုန့်စားကျောင်း ဆင်းချိန်တွင် ကျောင်းသား/သူများအား ကျောင်းအပြင်သို့ မထွက်စေဘဲ ကျောင်းထဲမှာပင် ပျော်ပျော်ရွှင်ရွှင် ကစားစေမည်။ အာဟာရ ပြည့်ဝသော မုန့် စားဖွယ်များကိုလည်း သင့်တော်သလို အပတ်စဉ် စီစဉ်ပေးမည်။

လိုအပ်ချက်များ ကျောင်းသား/သူများ၏ စာရေးကိရိယာ၊ သင်ထောက်ကူပစ္စည်းများ(မိတ္တူစက်၊ ကွန်ပြူတာ၊ ပရိုဂျက်တာ၊ မီးစက်၊) ကိန်းသာဓမ္မကျောင်းသူကျောင်းသားများ၏ တူညီဝတ်စုံများ၊ သင်ကြားမူ စာအုပ်များ၊ ဆရာ/ဆရာမများ၏လစဉ် လမ်းစရိတ် စသည်တို့ ဖြစ်သည်။ သင်ထောက်ကူ ပစ္စည်းများ မပါလျှင် တစ်လ မဖြစ်မနေ ကုန်ကျစရိတ် (တစ်သိန်းခွဲ) ခန့် ဖြစ်မည်။

မျှော်မှန်းထားသော ရည်ရွယ်ချက်များ

(၁) ဘာသာရေးစိတ်ဓာတ်ဖြင့် အကြောက်တရားမှ ကင်းဝေးစေရန်၊
(၂) ပညာရေးပန်းတိုင်ကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း၊ လူမှုဝန်ထမ်းများနှင့်အချိန်မှီ ထူထောင်ရာတွင် အထောက်အကူ ဖြစ်စေရန်၊
(၃) အနာဂတ် နိုင်ငံ ထူထောင်ရာတွင် လိမ်မာ၍ ပညာတတ်သော လူငယ်များ တိုးပွါးလာစေရန်၊ လူမိုက်များ ကင်းဝေးစေရန်၊
(၄)မိမိရပ်ရွာအကျိုးသာသနာအကျိုးကိုတိုးတက်နေသောခေတ်စံနစ်နှင့်အညီသယ်ပိုးထမ်းရွက်နိုင်ရန်
(၅) လူသားချင်း စာနာထောက်ထားခြင်းအားဖြင့် ပညာရေး၊ ဘာသာရေး ချို့ယွင်းနေမှုများအား နိုင်သရွေ့ ထောက်ပံ့ပေးခြင်းဖြင့် သာသနာပြုကုသိုလ်ထူးများ ရယူရန်ရည်ရွယ်ပါသည်။

(၅)ရှင်းလင်းချက်
(က) ပညာရေး ချို့ယွင်းမှု ဆိုရာ၌
အခက်အခဲတစ်စုံတရာကြောင့် လေ့လာဆဲပညာရေး ပန်းတိုင်ပျောက်နေသော ကျောင်းသား ကျောင်းသူများနှင့်၊ ပင်ကိုယ်ဆင်းရဲ၍ ပညာရေးစရိတ် မတက်နိုင်သောကြောင့် ပညာရေးကို ဆက်လက် မဆည်းပူးနိုင်သော ကျောင်းသား/ ကျောင်းသူများကို ဆိုလိုပါသည်။

(ခ) ဘာသာရေး ချို့ယွင်းမှု ဆိုရာ၌

ငယ်ရွယ်သူများ၏ဘာသာရေးအသိပညာအားနည်းနေမှုကိုဖြည့်ဆည်းရန်နှင့် သူတို့၏ဘ၀ကို
ဘာသာရေးဖြင့် လုံခြုံမှုရရှိစေရန် ကာကွယ်ပေးခြင်း၊ ကာကွယ်ပေးနိုင်ရန်ကို ဆိုလိုပါသည်။
ထောက်ပံ့ပေးမည့်အစီအစဉ်များ

မြို့ပေါ်ရပ်ကွက်များနှင့်နယ်တွင် သားသမီးများအား အခြေခံပညာအဆင့်အထိ သင်မပေးနိုင်သည့် ဆင်းရဲမိဘများ များစွာရှိကြသည်။ ထိုမိဘများတွင် ကျောင်းထားနိုင်သည့်အရွယ်ကလေးများ ရှိကြမည်။ ထိုမိဘများထံမှ ကျောင်းနေအရွယ်ကလေးများကို သက်ဆိုင်ရာ အာဏာပိုင်များ၏ အကူအညီကို ရယူကာ ပထမအဆင့်တွင် မူလတန်း အဆင့် (၄) တန်း အထိ ကျောင်းစားရိတ်အားလုံးကို ထောက်ပံ့ပေးမည်။ သို့ရတွင် ထို အထောက်အပံ့ကို ရယူလိုသော မိဘများသည် မိမိတို့ဦးစီးဖွင့်လှစ်သော ဓမ္မကျောင်းသို့ အပတ်စဉ် စနေ/တနင်္ဂနွေနေ့တိုင်း ကျောင်းချိန်အမှီ ပို့ဆောင်ပေးရမည်ဟူသော ကတိဝန်ခံချက်ကိုပေးရမည်ဖြစ်သည်။ ဆိုလိုသည်မှာ ဤကျောင်းကို စိတ်ပါဝင်စားလာအောင် ဆွဲဆောင်၍ ဘာသာရေးစိတ်ဓာတ် မြှင့်တင်ပေးလိုသော သဘောဖြစ်သည်။ ဤကျောင်းတွင် တက်ရောက်နေကြသော မူလတန်းအရွယ် ကလေးငယ်များထဲ၌ ဆင်းရဲနွမ်းပါးသောမိသားစုများ ပါဝင်နေ၍ ထိုမိသားစုများ၏ ကျောင်းသား/သူ ငယ်များအား ပညာရေး အနာဂတ် ခိုင်မာအောင် တာဝန်ယူ ဆောင်ရွက်ပေးမည်ဖြစ်သည်။

ကျောင်းခွဲများအတွက် ထောက်ပံ့ရေးအစီအစဉ်

မြို့ပေါ်ကျောင်းတိုင်းနှင့် ရွာစဉ် ဘုန်းတော်ကြီးကျောင်းများတွင် ကိုယ်ပိုင် ဖွင့်လှစ်လိုသော ဆရာတော်များအား လိုအပ်သော အင်္ဂလိပ်စာ သင်ကြားမှုပိုင်းဆိုင်ရာ ဆရာ/မ များ၊ သင်ကြားမူ စာအုပ် ၊ စာရွက်စာတမ်းများနှင့် ဤကျောင်း တူညီ ၀တ်စုံ များကို၊ လိုအပ်သလို ပံ့ပိုး၊ လေ့ကျင့်သင်ကြား၊ ထောက်ပံ့ပေးခြင်းဖြင့် ကိန်းသာဓမ္မကျောင်း ကျယ်ပြန့်စေလိုခြင်းများလည်း ရှိမည်။ ဤအစီအစဉ်သည် ကိန်းသာဓမ္မကျောင်း နှစ်ပတ်လည် အစည်းအဝေးမှ ကျောင်းခွဲဖွင့်ခွင့်ပေးမည်ဖြစ်သည်။ လိုအပ်သည်များကိုလည်း ကျောင်းခွဲများသို့ ပြည့်စုံအောင် ထောက်ပံ့ပေးမည်ဖြစ်သည်။

ကျောင်း၏ တွဲဖက် အနာဂတ်သာသနာရေးလုပ်ဆောင်မည့်အချက်များ

(၁) စနေ/တနင်္ဂနွေနေ့တိုင်း မြို့ပေါ်ရပ်ရွာရှိ လူငယ်(အနာဂတ်သားကောင်းရတနာ)များအား ယဉ်ကျေးမှုဆိုင်ရာ ဗုဒ္ဓဘာသာသင်္ခန်းစာများ ပို့ချပေးခြင်း၊ လက်တွေ့အသုံးချ အင်္ဂလိပ်စာ ဘာသာရပ်များပို့ချပေးခြင်း၊
(၂) ထို ကျောင်းနှင့် တွဲ၍ နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းများ ပို့ချပေးခြင်း။
(၃) လူကြီးများအတွက် လက်တွေ့အသုံးချ ဗုဒ္ဓအဘိဓမ္မာသင်တန်းများ ပို့ချပေးခြင်း၊
(၄) အခါအားလျော်စွာ စာပေဟောပြောပွဲများ စီစဉ်ပေးခြင်း၊
(၅) ၀ိပဿနာ သင်တန်းများ(လူငယ်/လူကြီး) ပို့ချပေးခြင်း တို့ဖြစ်ကြသည်။

တောင်းဆုစကား

ဤကဲ့သို့ ကိုယ့်ရပ်ကိုယ့်ရွာ သာသနာပြုလုပ်ငန်း အစစ်အမှန်ကို ပြုလုပ်ရမည်ဖြစ်သော ကုသိုလ်ကံ စေတနာကြောင့် ယခုဘ၀မှစ၍ နိဗ္ဗာန်မရောက်မီ ဘ၀ကာလအတွင်း မြတ်စွာဘုရားသျှင် အထူး ချီးမွန်း၊ အားပေး၊ ကိုယ်တိုင်လည်း စွမ်းစွမ်းတမံ ပြုလုပ်တော်မူခဲ့သောပရဟိတ (အများအကျိုး ဆောင်ရွက်ခြင်း) လုပ်ငန်းကို ကိုယ်ကျိုးမဖက်၊ သက်သက်သော စေတနာဖြင့် ဘ၀ဆက်တိုင်း ဆောင်ရွက်ခွင့် ရပါလို၏။ ဆောင်ရွက်တိုင်းလည်း သူတော်ကောင်းများ၏ အထောက်ပံ့ကို ရရှိကာ လုပ်ငန်းတိုင်းကို အောင်မြင်စွာ ပြုလုပ်ခွင့်ရပါလို၏။ ထင်ပေါ် ကျော်ကြားလာမည့် ဂုဏ်ပကာသနကို အရင်းမှီ၍ ပေါ်ပေါက်လာသော မာနတရား ကင်းဝေးရပါလို၏။ ကလေးငယ်၊ ကျောင်းသားငယ်တို့အပေါ်ဝယ် ထားရှိသော စေတနာ မေတ္တာတရား၊ တိုင်းပြည်နှင့် လူမျိုးအပေါ် ထားရှိသော မေတ္တာ ကရုဏာတရားများ တိုးပွါးရပါလို၏။ တိုင်းသူပြည်သားများအား တရားသော မင်းစောင့်ရှောက်ပါစေ။ စီးပွါးရေးလုပ်ငန်းများလည်း အောင်မြင် တိုးတက်ကြပါစေ။ ပကတိစိတ်အေးချမ်းမှု လမ်းစဉ်ကို ကောင်းစွာ ညွှန်ပြ ဆိုဆုံးမထားသော ဗုဒ္ဓမြတ်စွာ သာသနာသည်လည်း အဓွန့်ရှည်တည်တံ့နိုင်ပါစေ။

သာသနာချစ်စိတ်ဓာတ် ထက်သန်တော်မူကြသည့် ရဟန်းတော်များ ဦးစီးဖွင့်လှစ်၍ အနာဂတ် သားကောင်း ရတနာများ ပေါ်ထွက်စေမည့် ဤကျောင်း ကုသိုလ်စစ်လုပ်ငန်းကို တည်ထောင် ဖန်းဆင်းခြင်းဆိုသော သာသနာပြုလုပ်ငန်းတွင် ပါဝင်ကုသိုလ် ပြုလိုပါလျှင်-

(၁) တူညီ ကျောင်းဝတ်စုံ အစုံရေ-၅၀၀ (နှစ်ဆယ့်ငါးသိန်း) ၅၀၀၀-နှုန်း
(၂) ဗုဒ္ဓဘာသာ သင်္ခန်းစာ စာအုပ်များ အုပ်ရေ-၅၀၀ ၂၅၀၀၀၀(နှစ်သိန်းခွဲ) ၅၀၀-နှုန်း
(၃) အင်္ဂလိပ်စာ သင်င်္ခန်းစာ စာအုပ်များ အုပ်ရေ-၅၀၀ (ဆယ့်ငါးသိန်း) ၃၀၀၀-နှုန်း
(၄) စာရေးကိရိယာများ(ဗလာစာအုပ်၊ခဲတံ) အစုံရေ-၅၀၀ (တစ်သိန်း) ၂၀၀-နှုန်း
(သီးသန့် စာအုပ် တစ်အုပ်ချင်း၊၀တ်စုံ တစ်စုံချင်း ဓမ္မဒါနကုသိုလ်ကိုလည်း နိုင်သရွေ့ ပြုနိုင်သည်)


လစဉ်ကုန်ကျစရိတ်အတိုင်း လှူဒါန်းလိုလျှင်
(၁) ကျောင်းနှင့် တွဲဖက်၍ ဖွင့်လှစ်သော အဘိဓမ္မာ သင်တန်း၊ ယဉ်ကျေးမှု သင်တန်း၊ အင်္ဂလိပ်စာ သင်တန်းများ၏ ကုန်ကျစရိတ် အပါအ၀င် ၂ သိန်း ခန့်ဖြစ်သည်။

မှတ်ချက်။ ။ လစဉ် အသုံးစရိတ်ကုန်ကျမှု ရှင်းတမ်းများကိုလည်းကောင်း ရရှိသော အလှူငွေ စာရင်းများကိုလည်းကောင်း သက်ဆိုင်ရာ ကျောင်းအုပ်ဆရာတော်နှင့် တာဝန်ခံများ ထံတွင် လျှောက်ထား မေးမြန်းနိုင်ရန်ကိုလည်းစီစဉ်ထားသည်။

ဆရာတော်ဒေါက်တာအသျှင်ဉာဏုတ္တရ
ပညာရေးနှင့်စီမံခန့်ခွဲရေးတာဝန်ခံ
ကိန်းသာပညာသင်ကျောင်း၊
ကိန်းသာဓမ္မကျောင်းဝင်း၊
ရသေ့တောင်မြို့၊ ရခိုင်ပြည်နယ်။

ဖုန်း +95 (944) 022-4439

Posted by Sara Dr. Twan Twan Soe on Sunday, December 6, 2009

0 comments

Post a Comment

About Me

My photo
is Director of Kingthar Institute in Rathedaung (Kingthar), Rakhaing State. Graduated from High School in 2000, August. Ordained as a novice-monk at 16 in 2000, March. Studied Pali Scriptures during 2000 and 2004. Passed Advanced Pali with First in all Rakhaing State in 2004. Ordained as a fully-ordained-monk by age 20 in Akyab, Rakhaing. Was conferred B.A. (English) in 2005. Lectured Pali Scriptures at Sasanajotipala Monastery. Studied Teacher-ship in the Dhamma at Alodawpyei Dhammācariya University - Yangon. Studied in Sri Lanka for his PG. Diploma and M.A. in Buddhist Studies in 2007 and in 2008 respectively at PGIPBS (University of Kelaniya). Completed 2 years DETE from University of Colombo. Followed BLCE program at Faculty of Social Sciences (Chiang Mai University) during Jan. and Feb. in 2010. He started his M. Phil. in the beginning of 2008 and upgraded to Ph.D. in July, 2009, and successfully completed his doctorate on 26th July, 2012 from the University of Kelaniya. For his credit; A Study of Buddhism in Arakan by his monkhood name; Ashon Nyanuttara; has been published in 2014. He currently serves as the Director of Twan Education Services in Rathedaung.

Visitors

Blog Archive